မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ

 မိတ္ထီလာ  ဒီဇင်ဘာ ၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ် တပ်ဆင်ခြင်းအခမ်းအနားကို ယမန် နေ့က အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ဒုတိယညွှန်ကြားရေးမှူး၊ လုံခြုံရေး(၁)၊ ကြီးကြပ်ရေးမှူးနှင့် ဌာနခွဲစာရေး ရာထူးနေရာများတွင် တိုးမြင့်ရရှိသွားသည့် ဦးစိုးအောင်သန်း(ဒုတိယညွှန်ကြားရေးမှူး)၊ ဦးလှိုင်လှိုင်ထွန်း(လုံခြုံရေး(၁))၊ ဒေါ်စန္ဒာဝင်းမောင် (ကြီးကြပ်ရေးမှူး)နှင့် ဦးတင်မျိုးဇော်(ဌာနခွဲစာရေး) တို့အား ရာထူး အမှတ်တံဆိပ်များ အသီးသီး တပ်ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရာထူးတံဆိပ်တပ်ဆင်ခြင်းအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်း အုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊  ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)