အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေးအထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက် ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
Dec 07,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိ ပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီ အချိန်က လေယာဉ်ကွင်းရပ်ကွက် လမ်းဆုံလမ်းမတွင် ပြုလုပ်ခဲ့သည်။
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
Dec 07,2022
သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဖြစ်ပွားကြုံတွေ့ရမည့် အန္တရာယ်များအား ရင်ဆိုင်ဖြေရှင်းနိုင်ရေး၊ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိနိုင်စေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်း၍ ကျောင်းသား/သူ များအား ယနေ့နံနက်(၁၁)နာရီ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်သမဝါယမအသင်းစုမှ မိမိတို့မြို့အတွင်း တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း(အမြဲတန်း)များအတွက် ချေးငွေများထုတ်ချေးပေးနိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အသင်းစုရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Dec 07,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သပြေပင်ကျေးရွာအုပ်စု၊ သံပုရာကန်ကျေးရွာ ဒေသခံပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ သာသနာ့ဝေပုလ္လကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။