ငဖဲ ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးတို့အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆင်ချည်တိုင်-မန်းဆုံ ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလကုန်တွင် လုပ်ငန်းအားလုံးရာနှုန်း ဖောက်လုပ်ပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းခင်းခြင်းလုပ်ငန်းကို ငဖဲမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် သန်း (၂၄၇.၈၂၇) ဖြင့် တာဝန်ယူဆောင်ရွက် သည့် ဆင်ချည်တိုင်-မန်းဆုံ ကျေးရွာချင်းဆက်ကတ္တရာလမ်းခင်းခြင်း အရှည် (၁.၉၇၈ ကီလိုမီတာ)၊ (၃.၆၆ မီတာ)အကျယ် (၁၅၀ မီလီမီတာ×၁၅၀ မီလီမီတာ×၇၅ မီလီမီတာ)၊ (၂၂၅ မီလီမီတာ)ထုအမာခံ လမ်းပခုံးခင်းခြင်း လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးအောင် ခင်းပေးခဲ့ပြီးဖြစ်၍ ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာလျက်ရှိသည်။
အဆိုပါကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းပေးခြင်းကြောင့် ဆင်ချည်တိုင်ကျေးရွာအုပ်စု မန်းဆုံ ကျေးရွာမှ အိမ်ခြေ(၁၀၁)အိမ်၊ အိမ်ထောင်စု(၁၀၅)စု၊ လူဦးရေ (၄၈၁ )ဦးတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဘဝပိုမိုဖွွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)