နွားထိုးကြီး ဒီဇင်ဘာ ၇
မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစေရန် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာမှု ပိုမိုတိုးပွား စေရန် စာအုပ်စာပေများနှင့်ရင်းနှီးကျွမ်းဝင်၍ ပြင်ပဗဟုသုတများ ရရှိနိုင်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးကို ယမန်နေ့နံနက်က ညောင်ပင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ သွားရောက်၍ နယ် လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်စာစောင်များအား (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ညောင်ပင်ဘုန်းတော်ကြီးသင်ပညာကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို သုတ၊ ရသစာအုပ်များအား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများသို့ အပတ်စဉ်အလှည့်ကျ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းအောင်ဇော်