အမြို့မြို့အနယ်နယ်သတင်းများ

Dec 11,2022
မွန်ပြည်နယ်၊သထုံမြို့နယ်တွင်  (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့်(Grade-5)သင်ရိုးသစ် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်က  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 11,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၃ ရပ်ကွက်၊ ၆၁လမ်း၊ ၁၀၇ (C) x၁၀၈လမ်းကြား၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ ၁၅:၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။   
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ရှမ်းကျောင်းကြီးဓမ္မာရုံ အတွင်း၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အဘိဓမ္မာနှင့် ဝိသုဓိမဂ် စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂နာရီမှ ညနေ ၄ နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။  
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေနံ့သာရပ်ကွက်၊ အာဇာနည်လမ်း၊ မင်္ဂလာဗျူဟာ အသင်းဓမ္မာရုံတွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်ဒုတိယအဆင့်စာမေးပွဲ ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် မွန်းတည့်(၁၂:၀၀)အချိန်က ဖြေဆိုခဲ့ကြောင်းသိရသည်။
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက်​၊ နှစ်ကျိတ်ရှစ်ဆူဆွမ်းလောင်းဓမ္မာရုံ၌ ဆီနှင့်ကြက်ဥများကို ပြည်သူ များအား ရောင်းချ​ပေးခဲ့ကြကြောင်း သိရသည်။
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဆက်လက်​ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၉:၀၀)နာရီ၌ ၇/အ‌ရှေ့ရပ်ကွက်၊ နှစ်ကျိပ် ရှစ်ဆူဓမ္မာရုံ၌ စားဝတ်နေရေး အခက်အခဲရှိသည့် ပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်းများ ဖြစ်သည့် ဆီ၊ ကြက်ဥများအား ရောင်းချပေးရာတွင် အိမ်ထောင်စု(၁)စုလျှင် ဆီ ၅၀ ကျပ်သားလျှင် ငွေကျပ်(၂၂၂၅)နှုန်းနှင့် ကြက်ဥ(၁)လုံးငွေကျပ်(၁၇၅)ကျပ်နှုန်းဖြင့် ကြက်ဥ (၅)လုံး (၈၇၅)ကျပ် တို့ကိုစျေးနှုန်းသက်သာစွာဖြင့် ရောင်းချရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာဝင်း၏စီမံ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး၊ ပရဟိတလူမှုကူညီရေးအသင်းများ ပူးပေါင်း၍ စျေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်ခဲ့ကြသည်။
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာ​​ကေတမြို့နယ်ရှိ ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းသတ်မှတ်ချက်များ သိရှိလိုက်နာ တတ်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၃၀)အချိန်က သာ​ကေတမြို့နယ် စက်မှုလက်မှုရပ်ကွက် ပရီမီယားကော်ဖီမစ်စက်ရုံ အစည်းအ​ဝေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောဆွေနွေးခဲ့သည်။
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မိုးကောင်းဆုတောင်းပြည့် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။