သထုံမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်(Grade-5)သင်ရိုးသစ် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သထုံ  ဒီဇင်ဘာ  ၁၁

မွန်ပြည်နယ်၊သထုံမြို့နယ်တွင်  (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့်(Grade-5)သင်ရိုးသစ် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်က  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်ပညာရေးမှူး ဦးခဲမိုင်းက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြ များက (Grade-5) သင်ရိုးသစ်အတွက် စာမေးပွဲဆိုင်ရာ အချက်အလက်များကို ကဏ္ဍအလိုက် သင်ကြား ဆွေးနွေး ပို့ချပေးခဲ့ကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် နည်းပြ(၅)ဦးတို့က ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် (Grade-5) သင်ကြားပေးနေကြသော ဆရာ၊ ဆရာမ စုစုပေါင်း (၁၇၆)ဦးတို့ တက်ရောက်ခဲ့ကြကာ တစ်ရက်ကြာ ဆွေးနွေးခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နဒီ(ပြန်/ဆက်)