သာ​ကေတမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

သာ​​ကေတ ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သာ​​ကေတမြို့နယ်ရှိ ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းသတ်မှတ်ချက်များ သိရှိလိုက်နာ တတ်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၃၀)အချိန်က သာ​ကေတ မြို့နယ် စက်မှုလက်မှုရပ်ကွက် ပရီမီယားကော်ဖီမစ်စက်ရုံ အစည်းအ​ဝေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောဆွေနွေးခဲ့သည်။

အဆိုပါဟောပြောပွဲ၌ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၃၇)၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး​အောင်​ဇော်ထွန်းမှ ပရီမီယားကော်ဖီမစ်စက်ရုံရှိ ယာဉ်မောင်းဝန်ထမ်း(၇၅)ဦးအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောခြင်းနှင့် ​မော်​တော်ယာဉ်ဥပ​ဒေနှင့် ​မော်​တော်ယာဉ် နည်းဥပ​ဒေပါသွားလာမှု စည်းကမ်းများ အခန်းအား​ဆွေး​နွေးခြင်းအား ဆောင်ရွက်ခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)