အမြို့မြို့အနယ်နယ်သတင်းများ

Dec 12,2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ရခိုင်ပြည်နယ်၌ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကိုယနေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက် ရောက်ကြသည်။
Dec 12,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ဗဟိုလမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါလမ်းသစ်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
Dec 12,2022
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ မဟာအောင်မြေ ဓမ္မာရုံတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စစ် ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Dec 12,2022
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက. အ.ထ.က (ခွဲ)ကျိုက်မရောကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 12,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် အခြေခံပညာ အလယ်တန်း‌ ကျောင်း(ခွဲ)တွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်များရရှိပြီး စာပေမှရရှိသည့် အသိပညာများဖြင့် ကြုံတွေ့လာနိုင်သည့် အခက်အခဲပြဿနာများကို ရင်ဆိုင်ဖြေရှင်းတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ်စီမံကိန်းဦးစီးဌာနနှင့် မြို့နယ်စာရင်းစစ်ရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
Dec 12,2022
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ “အားကစားပြုလုပ်ခြင်း၏ ကောင်းကျိုးများ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီကပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 12,2022
မြဝတီမြို့တွင်လာမည့်  ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေ‌ထွေရွေး ကောက်ပွဲတွင်  ပြည်သူလူထုအနေဖြင့်   မှန်ကန်သော  မဲအရေအတွက်နှင့်   မဲပေးပိုင်ခွင့်မဆုံးရှုံး စေရေးတို့ကို  ကြီးကြပ်ဆောင်ရွက်ကြမည့် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအား  ရွေးကောက်ပွဲနှင့်ပတ်သက်သည့်  နယ်မြေဒေသအလိုက် မြေပြင်စာရင်း ကောက်ယူပြုစုနိုင်ရေးတို့အတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက  မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။