သာကေတမြို့နယ်၌ သက်သာသော စျေးနှုန်းဖြင့် အ​ခြေခံစားသောက်ကုန်များအား ဆက်လက်ရောင်းချ

သာကေတ ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဆက်လက်​ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (:၀၀)နာရီ၌ ၇/အ‌ရှေ့ရပ်ကွက်၊ နှစ်ကျိပ် ရှစ်ဆူဓမ္မာရုံ၌ စားဝတ်နေရေး အခက်အခဲရှိသည့် ပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်းများ ဖြစ်သည့် ဆီ၊ ကြက်ဥများအား ရောင်းချပေးရာတွင် အိမ်ထောင်စု()စုလျှင် ဆီ ၅၀ ကျပ်သားလျှင် ငွေကျပ်(၂၂၂၅)နှုန်းနှင့် ကြက်ဥ(၁)လုံးငွေကျပ်(၁၇၅)ကျပ်နှုန်းဖြင့် ကြက်ဥ ()လုံး (၈၇၅)ကျပ် တို့ကိုစျေးနှုန်းသက်သာစွာဖြင့် ရောင်းချရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာဝင်း၏စီမံ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး၊ ပရဟိတလူမှုကူညီရေးအသင်းများ ပူးပေါင်း၍ စျေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်ခဲ့ကြသည်။

အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချရာ၌စားဝတ်နေရေး အခက်အခဲရှိသည့် ရပ်ကွက်(၁၉)ရပ်ကွက်ရှိ ပြည်သူများ ကျန်ခဲ့မှုမရှိစေရေးအတွက် စနစ်တကျ ကြီးကြပ်၍ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)