ချမ်းမြသာစည်မြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ချမ်းမြသာစည် ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၃ ရပ်ကွက်၊ ၆၁လမ်း၊ ၁၀၇ (C) x၁၀၈လမ်းကြား၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ ၁၅:၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။   

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဌဦးကျော်မျိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ရဲမှူးသိန်းထွန်းက တက်ရောက်လာသူများအား အသင်းအဖွဲ့ဥပဒေဆိုင်ရာများကို  power point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော အသင်းအဖွဲ့များမှ ၎င်းတို့သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ 

အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဝေဖြိုးအောင်၊ အဖွဲ့ဝင် (၂) ဦးဇော်ဝင်း၊ ခေတ္တမနရမှူး ရဲမှူး သိန်းထွန်း၊ မြို့နယ်လဝက ဦးစီးမှူး ဦးရဲမင်းထွန်း၊ ချမ်းမြသာစည် မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)