ဗဟန်း ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေနံ့သာရပ်ကွက်၊ အာဇာနည်လမ်း၊ မင်္ဂလာဗျူဟာ အသင်းဓမ္မာရုံတွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်ဒုတိယအဆင့်စာမေးပွဲ ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် မွန်းတည့်(၁၂:၀၀)အချိန်က ဖြေဆိုခဲ့ကြောင်းသိရသည်။
စာမေးပွဲဖြေဆိုရာတွင် ဒုတိယအဆင့် အဘိဓမ္မာ(ရိုးရိုး)ဖြေဆိုသူ သီလရှင်(၁၅)ဦး ကျား(၃)ဦး၊ မ (၁၆)ဦး၊ ဒုတိယအဆင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဖြေဆိုသူ ကျား(၈)ဦး မ(၁၆)ဦး စုစုပေါင်း စာမေးပွဲ ဖြေဆိုသူ (၅၈)ဦး ဖြစ်ကြောင်း၊ တတိယအဆင့်စာမေးပွဲဖြေဆိုမှုကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာသို့ ဗဟန်းမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာဌေး(ပြန်/ဆက်)