ပုဇွန်တောင် ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက်၊ နှစ်ကျိတ်ရှစ်ဆူဆွမ်းလောင်းဓမ္မာရုံ၌ ဆီနှင့်ကြက်ဥများကို ပြည်သူ များအား ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် စားအုန်းဆီတစ်ပိသာလျှင် ၄၅၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်ဖြင့် လူတစဦးလျှင် ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၅ လုံးတို့အား ရောင်းချပေးခဲ့ကြသည်။ အဆိုပါ ရောင်းချ ပေးရာနေရာသို့ ဗိုလ်တထောင်ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးဝင်းနိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်