စမ်းချောင်းမြို့နယ်တွင်  အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ

စမ်းချောင်း ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ရှမ်းကျောင်းကြီးဓမ္မာရုံ အတွင်း၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အဘိဓမ္မာနှင့် ဝိသုဓိမဂ် စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂နာရီမှ ညနေ ၄ နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။  

ထိုသို့ကျင်းပရာတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ  သီလရှင်နှင့်လူပုဂ္ဂိုလ်များထဲမှ ဒုတိယအဆင့်(ရိုးရိုး) ဖြေဆိုသူ သီလရှင်(၂၉)ပါးနှင့် လူပုဂ္ဂိုလ်(၅)ဦး စုစုပေါင်း(၃၄)ဦးနှင့် ဒုတိယ အဆင့်(ဂုဏ်ထူး‌) ဖြေဆိုသူ သီလရှင်(၆)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး  စုစုပေါင်း (၇)ဦး ဝင်ရောက်ဖြေဆိုပြီး စာမေးပွဲကြီးကြပ်သံဃာတော်များ စာဖြေသီလရှင်နှင့် လူပုဂ္ဂိုလ်(၄၁)ဦး တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေသန့်နှင့်အချိုရည်များ ဆက်ကပ် ခဲ့ကြကြောင်း သတင်းရရှိသည်။

နီလာစိုး