ချောင်းဆုံ ဒီဇင်ဘာ ၁၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မြို့မရဲစခန်းနှင့်ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က (အထက)ချောင်းဆုံအခြေခံပညာအထက်တန်းကျောင်း(သီရိရတနာ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးသိန်းဟန်ကအဖွင့်အမှာစကားပြောကြားပြီး ချောင်းဆုံမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးအောင်သူရက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသူ၊ ကျောင်းသားများသိသင့်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုသိရှိပြီး လိုက်နာကြစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်/ဆောင်ရန်အချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကာ၊ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)