မြောက်ဦးမြို့၌ သစ်တောပြုန်းတီးမှုကြောင့် ရာသီဉတုပူပြင်းလာခြင်း အသိပညာပေး ဟောပြောပွဲကျင်းပ

မြောက်ဦး ဒီဇင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟော ပြောပွဲကို ထမ္မရာဇ်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဇော်ဝင်းမှ “သစ်တောပြုန်းတီးမှုကြောင့် ရာသီဉတုပူပြင်းလာခြင်း"အကြောင်းဟောပြောရာတွင် သစ်တောပြုန်းတီးလာရခြင်းသည် ကမ္ဘာပေါ်ရှိ တောတောင်ဉယျာဉ်များကို ခုတ်ထွင်ရှင်း လင်းခြင်း၊ သစ်ပင်များကို မီးရှို့ခြင်း၊ စွန့်ပစ်ပစ္စည်းများကို မီးရှို့ခြင်း၊ စက်ရုံများလာခြင်း၊  ရေခဲသေတ္တာ၊ အဲယားကွန်းများ အသုံးများလာခြင်းတို့ကြောင့်  လေထုထဲရှိ ဖန်လုံအိမ် ဓာတ်ငွေ့ပမာဏများလာသောအခါ ကမ္ဘာကြီးပူနွေးမှုများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။  ကမ္ဘာကြီးပူနွေးလာရခြင်း၏နောက်ဆက်တွဲ ဆိုးကျိုးများမှာ ပြင်းထန်သောသဘာဝဘေးအန္တရာယ်နှင့် ကူးစက်ရောဂါများဖြစ်စေနိုင် ပြီး လူသားတွေ သေဆုံးနှုန်းကို သိသိသာသာမြင့်တက်စေနိုင်ပြီး မီးတောင်ပေါက်ကွဲမှုများ၊ မုန်တိုင်းတိုက်ခတ်မှုများ၊ ရေကြီးပြီးရေလွှမ်းမှုများစသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာမှုနှင့်အတူ ပင်လယ်ရေမျက်နှာပြင် အမြင့်နှင့် ပင်လယ်ရေမျာက်နှာပြင် အပူချိန်မြင့်တက်လာ ကာ ကမ္ဘာကြီးပူနွေးလာမှုကြောင်း အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ကိုယ်တွင်းရှိရေဓါတ်ခန်း ခြောက်ခြင်း၊ ခြေသလုံးကြွက်တက်မှုဖြစ်ခြင်း၊ သတိလစ်ခြင်း၊ မိတ်နဲ့ယားဖုတွေ ထွက်ခြင်းများ ကြောင့် နုလုံးရောဂါ အခံရှိသူများ၊ အသက်ကြီးသူများ၊ ကလေးငယ်လေးများ ခံနိုင်ရည်မရှိမှု ကြောင့် အသက်သေဆုံးမှုများအထိ ဖြစ်နိုင်သည်။

ထိုကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း ပိုမိုဆိုးရွားစွာဖြစ်မလာစေရန်အတွက် နီးနီးနားနားသို့မဟုတ် အရမ်းမဝေးသော နေရာများကို စက်ဘီးဖြင့် သွားခြင်း၊ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း၊ စွန့်ပစ်ပစ္စည်းများ၊ အမှိုက်များ၊ သစ်ရွက်များမီးရှို့ခြင်း၊ ဟိုက်ဒရိုဖလူရိုကာဗွန် အထွက်များစေနိုင်သော ပစ္စည်းများလျှော့သုံးကြရန် အသိပညာဟောပြောခဲ့ပြီး အဆိုပါ အသိပညာဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူများ (၅၆)ဦး တက်ရောက်ခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင်( ပြန်/ဆက်)