ချမ်းမြသာစည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာဖတ်ဝိုင်းနှင့် ပြပွဲပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီကအဆိုပါ ဦးစီးဌာနရှိ လူထုအခြေ ပြုဗဟိုဌာန(Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို စာဖတ်ဝိုင်းနှင့် ပြပွဲပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် ကျောင်းသား/သူများက ၂၀၁၀ခုနှစ် ပဉ္စမအကြိမ်မြောက် ထုတ်ဝေခဲ့သည့် တက္ကသိုလ် စိန်တင်၏ ရဲဘော်သုံးကျိပ် မော်ကွန်းစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။ စာဖတ်ဝိုင်းတွင် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က စာအုပ်တွင်ပါရှိသည့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း၀င် မှတ် တမ်း ဓာတ်ပုံများကို ပြသရှင်းလင်းခဲ့ပြီး Grade (7) ကျောင်းသား မောင်ဇေယံလင်းနှင့်မယွန်းမီအိမ်တို့က ရဲဘော်သုံးကျိပ်နှင့် နယ်ချဲ့တော်လှန်ရေး တိုက်ပွဲခေါင်းစဉ်ကိုဖတ်ပြခဲ့ပြီးနောက် ကျောင်းသား၊ကျောင်းသူများကအင်္ဂလိပ်အစိုးရ၏ နယ်ချဲ့အုပ်ချုပ်ရေးစနစ် ခေါင်းစဉ်တို့ကို အလှည့်ကျ ဖတ်မှတ်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီးဖတ်မှတ် စွမ်းရည်ပြိုင်ပွဲကို ကျင်းပဆောင်ရွက်ခဲ့ရာ ဆုရရှိသော ကျောင်း သား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းနှင့်ကြီးကြပ်ဆရာမ ဒေါ်သူဇာ၀င်းတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ စာဖတ်ဝိုင်းနှင့်ပြိုင်ပွဲများပြီးနောက် ကျောင်းသား/ သူများသည် စာကြည့်တိုက်အတွင်း ပြသထားသောအသိပညာပေး နံရံကပ် စာစောင်များကို စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။
(၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို စာဖတ်ဝိုင်းနှင့်ပြပွဲပြိုင်ပွဲများကို အမှတ်(၃၁)အခြေခံ ပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၀)ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)