နတ်တလင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ရုပ်ပုံဆက်ပြိုင်ပွဲကျင်းပ

နတ်တလင်း   ဒီဇင်ဘာ   ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရုပ်ပုံဆက်ပြိုင်ပွဲကိုယမန်နေ့ နေ့လယ်(၂)နာရီကကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က ယခုလိုပြိုင်ပွဲများကျင်းပခြင်းဖြင့် ကလေးများဉာဏ်ရည်ဉာဏ်သွေးတိုးတက်ပြီးတွေးခေါ်မှုများမြင့်မားလာစေရေး ရည်ရွယ်ချက်ဖြင့် ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ရုပ်ပုံဆက်ပြိုင်ပွဲတွင် အသီးသီးပြိုင်ပွဲဝင်ခဲ့ကြကြောင်းနှင့် သတ်မှတ်ထားသည့်အချိန်အတွင်း ပြီးစီးအောင်ပြိုင်ပွဲဝင်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထားထားဦး(ပြန်/ဆက်)