ချောင်းဆုံတွင် ၂၀၂၂−၂၃ ပညာသင်နှစ် အသက်(၁၃)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပ

ချောင်းဆုံ   ဒီဇင်ဘာ   ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂−၂၃ ပညာသင်နှစ် အသက်(၁၃)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်အားကစားကွင်းတွင်ကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပညာရေးဝန်ထမ်းမိသားစုများ ကျောင်းသား/သူများ ပြည်သူများလာရောက် ကြည့်ရှုအားပေးခဲ့သည်။

ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၁၁)ကျောင်းမှ ဇုန်အလိုက် အသင်းပေါင်း(၁၀)သင်းဖြင့် ဒီဇင်ဘာ(၇)နေ့ကစတင်ကျင်းပခဲ့ပြီး ဒီဇင်ဘာ (၁၅) ရက်နေ့က ဗိုလ်လုပြိုင်ပွဲကို ကမာကေးဇုန်အသင်းနှင့် မုရစ်ကလေးဇုန်အသင်းတို့ယှဉ်ပြိုင်ခဲ့ရာ (၃)ဂိုး-ဂိုးမရှိဖြင့် ကမာကေးဇုန်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ကမာကေးဇုန်အသင်း(ပထမ)၊ မုရစ်ကလေးဇုန်အသင်း(ဒုတိယ)၊ ချောင်းဆုံဇုန်အသင်းနှင့်ကွမ်သဲဇုန်အသင်းတို့က ပူးတွဲ(တတိယ)ဆုရရှိသည့်အသင်းများနှင့် အားကစားသမားများကို မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)