သရက်ချောင်းမြို့နယ်၊ မူလတန်းကြိုကျောင်းမှ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုနှင့် ဒီဇင်ဘာလှုပ်ရှားမှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

သရက်ချောင်း   ဒီဇင်ဘာ   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မူလတန်းကြိုကျောင်းမှ(၇၅) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုနှင့်ဒီဇင်ဘာလှုပ်ရှားမှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ လူမှု ဝန်ထမ်းဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သရက်ချောင်းမြို့နယ်၊ လူမူဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား/ သူများတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လှလှထွန်းက မူလတန်းကြိုကျောင်းမှ ဒီဇင်ဘာလှုပ်ရှား မှုနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူများက အားကစားပြိုင်ပွဲများယှဉ်ပြိုင်ကြရာ ဆုရရှိသည့်ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် လက်ဆောင်ပစ္စည်းများချီးမြှင့်ခြင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များက ကလေးများအတွက် ဖြည့်စွက်အဟာရ အချိုရည်ဗူးနှင့် မုန့်များလှူဒါန်းခြင်းကို တာဝန်ရှိသူများက လက်ခံပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)