တပ်ကုန်း မေ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲက အဆိုပါရပ်ကွက်၊ မဟာဇနကစာသင်တိုက်၊ ဗိမာန်တော်တွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် အပူဒဏ်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီးနောက် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး၊ အပူဒဏ်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
တင်စိုးလွင်