ပန်းတနော်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့် ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းတာဝန်များ သင်တန်းဖွင့်ပွဲ ကျင်းပ

​ပန်းတနော် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းလမ်းညွှန်၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အလယ်ပိုင်းရပ်ကွက်ရှိ သာသနာ့ဗိမာန် ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းသန်းက အမှာစကားပြောကြားပြီး​အဆိုပါသင်တန်းကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို အသေးစိတ် နားလည်သဘောပေါက်ပြီး၊ ရွေးချယ်မှုအပိုင်းတွင် အမှားအယွင်းမရှိ စံနစ်တကျဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးမှ ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)