အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့နံနက် ၉:၀၀ နာရီက အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် အုပ်ချုပ်ရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းတို့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံသူကျန်ရှိမှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Oct 06,2022
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု မော်လမြိုင်တို့ပူးပေါင်းပြီး မြို့နယ်(ပြန်/ဆက်)ရုံး Community Centre ခန်းမတွင် ယမန်နေ့နံနက်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
Oct 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အ -ထ -က ရေဖြူကျောင်းတွင်  ကျောင်းသူကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားရေးအတွက် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှု နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အ-ထ-ကရေဖြူ ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ဇိနမာရ်အောင် စေတီတော်ဂေါပကအဖွဲ့မှ စေတီတော် သြဝါဒစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲနှင့် ဝါဆိုသင်္ဃန်းဆပ်ကပ်လှူဒါန်းပွဲကို ယနေနံနက်(၉:၃၀)အချိန်က ဇိနမာရ်အောင်စေတီတော် ပရဝုဏ်အတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။
Oct 06,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထားသောကျွဲ၊ နွားများတွင် ကျရောက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများနှင့်ကုသဆေးများကို  ကျေးရွာများသို့အရောက်ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီက မြေငူကျေးရွာသို့ သွားရောက်ပြီး နွားကောင်ရေ(၃၅၀)ကျော်ကို ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရသည် ။
Oct 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း-အလုံရှိ စုပေါင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Oct 06,2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် အမှတ်(၁)ရပ်ကွက်အတွင်းရှိ ညောင်ကုန်းလမ်းဘေး၌ ယနေ့ နံနက်၈နာရီအချိန်မှ စတင်၍ စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။