အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူ ရဟန်း၊ သံဃာများနှင့်ပြည်သူများအား   မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ
Oct 05,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ ယမန်နေ့၊ မွန်းလွဲပိုင်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြသည်။
Oct 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၀န်ထမ်းများမှ ယမန်နေ့နံနက်(၇)နာရီ၌ အမှတ်(၇)ရပ်ကွက်၊ ဖိုးရာဇာလမ်းနှင့် မြို့မငြိမ်းလမ်းထောင့်တို့တွင် အခြေခံလူတန်းစားပြည်သူများကို စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
Oct 05,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အောက်တိုဘာလ ၅ ရက်နေ့၌ ကျရောက်မည့်  ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအား ယနေ့  နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Oct 05,2022
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ (၁)နာရီ (၃၀)မိနစ်အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Oct 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဆေးခန်းတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် က‌လေးသူငယ်များကို အောက်တိုဘာလ (၁ ရက်နေ့မှ ၄ ရက်နေ့)ထိ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Oct 05,2022
ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါကြွယ်ဝရေး၊ ငါးစားသုံးမှုရေရှည်ဖွံ့ဖြိုးတိုး‌တက်စေးရေးအတွက် ၂၀၂၂-၂၀၂၃  ခုနှစ် ငါးလုပ်ငန်းရာသီနှစ်အတွက် ဂရန်အင်းများအတွင်း ငါးမျိုးများပေးအပ်ခြင်း အခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုက်နယ်(၁၂)ခု၊ ကွင်းပေါင်း(၂၁၇)ကွင်းတွင် ဆည်ရေသောက်စနစ်၊ မိုးကောင်းရေသောက်စနစ်၊ မြေအောက်ရေသောက်စနစ်(စက်ရေတွင်း)ဖြင့် မိုးစပါး (၅၂၄၆၁)ဧက စိုက်ပျိုးပြီးကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။