အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်ပျိုးထုတ်လုပ်သူများ အကျိုးအမြတ်ရရှိစေရေးနှင့် ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ဝါလုပ်ငန်းရှင်များ၊ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Oct 06,2022
“ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများကအစပြု” ဆောင်ပုဒ်ဖြင့် ကရင်ပြည်နယ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပခန်းမ၌ ကျင်းပသည်။
Oct 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆက်လက်ဆောင် ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က မြို့မရပ်ကွက်ရှိ (အထက-သရက်ချောင်း) ကျောင်းရှေ့တွင် ကိုဗစ်-၁၉မျိုးကွဲသစ်မျိုးအိုမီခရွန် ရောဂါစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့်အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရန် ရည် ရွယ်၍  Mask Campaign လှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 06,2022
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် မြတ်ဆရာပူဇော် ကန်တော့ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ရတနာခန်းမ၌ ကျင်းပသည်။
Oct 06,2022
မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ အနန္ဒကိုင်းဝင် ကျေးဇူးရှင်မြတ်ဆရာအပေါ် အစဉ်လေးစား တန်ဖိုးထားတက်စေရန်၊ အာစရိယများနှင့် ဥပဇ္ဈယဆရာ အရည်အသွေးများ ပြည့်ဝသည့် မြတ်ဆရာများ ပေါ်ထွန်းလာစေရန်အတွက် ကမ္ဘာဆရာများနေ့ အခမ်းအနားကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်စွာ ကျင်းပ၍
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဆောင်းသီးနှံ နေကြာတိုးချဲ့ စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံ၍ နေကြာမျိုးစေ့ များ ဖြန့်ဖြူးရောင်းချခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များမှ တောင်သူများနှင့် တွေ့ဆုံရောင်းချခဲ့သည်။
Oct 06,2022
တနင်္သာရီတိုင်းဒေသကြီး၂ဝ၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားမြတ်ဆရာပူဇော်ပွဲ အခမ်းအနားကိုယမန်နေ့ နံနက် ၉ နာရီက ထား ဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်း သား/သူများက “ ဆရာဟူသည်သီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့သည်။
Oct 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသီရိနွယ်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။