ရေဖြူ အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အ -ထ -က ရေဖြူကျောင်းတွင် ကျောင်းသူကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားရေးအတွက် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှု နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အ-ထ-ကရေဖြူ ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အ-ထ-ကေရဖြူကျောင်းမှ ကျောင်းသူကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် သုတရသ စာအုပ်စာစောင်တို့ကိုစုံလင်စွာ ခင်းကျင်းပြသပေးပြီး အသိပညာတိုးပွားရေးစာပေများကို စုပေါင်းဖတ်ရှုကြစေကာ ၎င်းတို့ အချိန်ယူဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို စနစ်တကျငှားရမ်းပေးခဲ့သည်။
အဆိုပါ နယ်လှည့်လုပ်ငန်းတွင် သုတ၊ ရသစာအုပ်တို့ကို ခင်းကျင်းပြသထားရာ အ-ထ-က ရေဖြူ ကျောင်းမှ ကျောင်သူ/ကျောင်းသားများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရ သည်။
ခတ္တာ