သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်ဂေါဂကအဖွဲ့မှ သြဝါဒခံယူပွဲနှင့် ဝါဆိုသင်္ဃန်းဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

သာကေတ အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ဇိနမာရ်အောင် စေတီတော်ဂေါပကအဖွဲ့မှ စေတီတော် သြဝါဒစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲနှင့် ဝါဆိုသင်္ဃန်းဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေနံနက်(:၃၀)အချိန်က ဇိနမာရ်အောင်စေတီတော် ပရဝုဏ်အတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌတိပိဋကလင်္ကာရစာသင်တိုက်၊ တိပိဋကဘဒ္ဒန္တ အဂ္ဂသာမိ(ဒိပိဋကဓရ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာကြသည့် သြဝါဒဆရာတော်ကြီးများက ရတနာသုတ်ရွတ်ဖတ်ပူဇော်ကြကာ စေတီတော်​ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းအေးမှ သာသနာတော်ဆိုင်ရာများ လျှောက်ထားရာသြဝါဒစရိယဆရာတော်ကြီးများက သြဝါဒကထာများ မြွက်ကြားခဲ့သည်။

ဆက်လက်ပြီး စေတီတော်ဘဏ္ဍာတော်ထိနိးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးသံဃနာယက ဥက္ကဋ္ဌဘဒ္ဒန္တအဂ္ဂသာ မိအမူးပြုသောသြဝါဒစရိယဆရာတော်(၁၅)ပါးအား ဝါဆိုသင်္ဃန်းနှင့် နဝကမ္မအလှူတော်ငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် တိုင်းသံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ရေစက်ချတရားတော်နာယူခဲ့ကြကြောင်း သိရှိရသည်။   

ဆောင်းနှင်းဖြူ(ပြန်/ဆက်)