ရန်ကင်းမြို့နယ်တွင် Booster(sinovac)၊ sinopharn၊ covaxin၊ sinovac ကာကွယ်ဆေးများအား ထိုးနှံသူကျန်ရှိမှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကင်း အောက်တိုဘာ ၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့နံနက် ၉:၀၀ နာရီက အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် အုပ်ချုပ်ရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းတို့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံသူကျန်ရှိမှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ အသက်၁၈နှစ်အထက်များအား ပထမအကြိမ်(Covaxin)၊ အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်​အထိ ကျောင်း​ပြင်ပကလေးများအား (Sinovac)ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ ရပ်မိရပ်ဖများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ ခြောက်ပေအကွာမှာ စောင့်ဆိုင်းစေခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသူများအား စောင့်ကြည့်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Sinovac)နှင့် Sinopharm ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသူများမှာ (Sinopharn) Sinopharmနှင့် Covidshield ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများသာ ဆက်လက်ထိုးနှံပေးကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)