ချောင်းဆုံ အောက်တိုဘာ ၆
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု မော်လမြိုင်တို့ပူးပေါင်းပြီး မြို့နယ်(ပြန်/ဆက်)ရုံး Community Centre ခန်းမတွင် ယမန်နေ့နံနက်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်မိသူဇာနှင့် အမှတ်(၉)လူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု မော်လမြိုင်မှ ရဲအုပ်ချစ်ချစ်စိုးတို့က လူကုန်ကူးမှုလျော့နည်းပပျောက်စေရန် မည်ကဲ့သို့ဆောင်ရွက်ထားရှိကြောင်း၊ မြန်မာနိုင်ငံမှာကြုံတွေ့ရတဲ့ လူကုန်ကူးမှုအမျိုးအစား၊ လူကုန်ကူးမှုဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းခဲ့မှုနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားရှိသည့်နေရာများနှင့် လူကုန်ကူးမှုနှင့်စပ်လျဉ်း၍ ရှောင်ကျဉ်ရန်နှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ စသည့်အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ (ပြန်/ဆက်)ဌာနအနေနှင့် ယခုလိုပြည်သူများအား အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)