စဉ့်ကူး အောက်တိုဘာ ၅
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသလျက်ရှိသည်။
အဆိုပါ စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ စဉ့်ကူးမြို့နယ်ရုံးအတွက် လစဉ်ပေးပို့သည့် ပညာရပ်မျိုးစုံပါဝင်သော သုတရသစာအုပ်များ၊ သိမှတ် ဖွယ်ရာ စာအုပ်စာစောင်များအား ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားရာ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)