သံ​ဖြူဇရပ်မြို့နယ်၌ ဆီထွက်သီးနှံ (နေကြာ)တစ်ဧက အထွက်နှုန်းတိုးတက်ရေး တောင်သူ နည်းပညာပေးသင်တန်း ဖွင့်လှစ်

သံဖြူဇရပ် အောက်တိုဘာ ၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီကာလ၌ ဆီထွက်သီးနှံ(နေကြာ)စိုက် တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်  ဖွင့်လှစ်သည့် တောင်သူနည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က ဝယ်ဝင်ကရာကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မော်လမြုင်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းအောင်သန်းက ပြည်တွင်းလိုအပ်ချက်အရ စာသုံးဆီ ဖူလုံစေဖို့ (နေကြာ)ကိုစိုက်ပျိုးသင့်ပါကြောင်း သင်တန်းဖွင့် အမှာစကား ပြော​ကြားပြီး၊ မြို့နယ်စိုက်ပျိုး‌ရေး ဦးစီးဌာနမှူး ဦးကျင်သိန်းက  သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဆီထွက်သီးနှံ (နေကြာ)တစ်ဧက တစ်ဧကအထွက်နှုန်း တိုးမြင့်အောင် သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ လိုက်နာဆောင်ရွက်သင့်သည့် စိုက်ပျိုးရေး နည်းပညာများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ စသည်တို့ကို ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ကြသည်။

 ဆက်လက်၍ သင်တန်းဖွင့်လှစ်ရာ စိုက်ပျိုးရေး ဦးစီးဌာနမှ နည်းပညာရှင်(၄)ဦးတို့က ဆီထွက်သီးနှံ (နေကြာ)တစ်ဧက အထွက်နှုန်း တိုးတက်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် နည်းပညာများကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဆောင်းသီးနှံစိုက် တောင်သူ(၄၅)ဦးတို့အား စာတွေ့လက်တွေ့ သင်ကြားပြသခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)