ဒေးဒရဲမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ (၂၀၂၂) ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် ဆရာကြီး၊ ဆရာမကြီး များကို ပူဇော်ကန်တော့ ခြင်းနှင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကို ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရှိ ကရဝိက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းမြတ်သူက ကမ္ဘာ့ဆရာများနေ့ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများ တွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာသူများက ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ပူဇော်ကန်တော့ခြင်းနှင့် ကန်တော့လက်ဆောင်များဖြင့် ပူဇော်ကန်တော့ခဲ့ကြရာ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား မြို့နယ်ပညာရေးမှူး (အငြိမ်းစား) ဆရာကြီး ဦးဟန်ညွန့်က သြဝါဒစကား ပြောကြားခဲ့ပြီး  အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အေဇာလင်း