ကျိုက်လတ် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပြည်သူများလူမှုဘဝ စားသောက်ရေးတွင် အထောက် အကူဖြစ်စေရန်နှင့် စားနပ်ရိက္ခာများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများထံ စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့ နံနက် (၇)နာရီခွဲအချိန်က (၈)ဖြတ်လမ်း၊ မြို့မစျေးကြီးအနီးတွင် ရောင်းချပေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် စီစဉ်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးရာတွင် ဧည့်မထဆန် (၁)ပြည်လျှင် (၁၀၀ဝ)ကျပ်၊ ဆီ(၅ဝ) ကျပ်သား လျှင် (၃၀၀ဝ) ကျပ်၊ ကြက်သား တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ငါးစင်ရိုင်း လေးဆယ် သားလျှင် (၁၀၀၀) ကျပ်၊ ကြက်ဥ/ဘဲဥ (၁)လုံးလျှင် (၁၅ဝ)ကျပ်နှင့် ဆား၊ ဟင်းသီးဟင်းရွက်များအား သက်သာ သော စျေးနှုန်းဖြင့် ရောင်းချပေးသောကြောင့် ပြည်သူများ ဝယ်ယူမှုများခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆန်စက်ပိုင်ရှင်အသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ရီရီမြင့်