ကျောက်ကြီး အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် အ.ထ.က ကျောင်း သပြေဆောင်ခန်းမတွင် မြို့နယ် ပညာရေးမှူးရုံးမှ ဦးဆောင်၍ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသည် ကမ္ဘာနှင့်အဝှမ်းကျင်းပပြုလုပ်သည့် အခမ်းအနားဖြစ်ကြောင်း၊ ယခုလိုဆောင်ရွက်ရခြင်းမှာသင် ဆရာ၊ ကြားဆရာ၊ မြင်ဆရာများ၏ သီလဂုဏ်၊ သမာဓိဂုဏ် လေးစားတန်းဖိုးထားခြင်းဖြင့် လည်ကောင်း၊ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြုခြင်းအားဖြင့် လည်ကောင်း ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်ပါးပြိုင်ပွဲများတွင် ဆုရ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)