ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်အမှတ်အဖြစ် အာစရိယပူဇော်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်း စုဝေးခန်းမတွင် အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြာင်း သိရှိရသည်။

ရှေးဦးစွာ ကျောင်းသား/သူများက ဆရာ/ဆရာမများအပေါ်တွင် ကာယကံ၊ ဝစီကံ၊ မနောကံများဖြင့် ပစ်မှားကျူးလွန်ခဲ့မှုများရှိပါက ခွင့်လွတ်ပေးပါရန်  ရွတ်ဆိုတောင်ပန်ပြီး ရိုသေစွာဖြင့် ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူးထိခြင်းငါပါးဖြင့် ကန်တော့ခဲ့ကြရာ အထက်တန်းပြဆရာကြီး ဦးကျော်ဌေးက ဆရာဆိုသည့် အဓိပ္ပာယ်များအကြောင်း၊ ဆရာ/တပည့် ဆက်ဆံရေးနှင့် ဆရာ့ကျေးဇူးများအကြောင်း၊ ကန်တော့ရခြင်း၏ အကျိုးကျေးဇူးများအကြောင်းစသည့် ဩဝါဒစကားများ ပြောကြားခဲ့ပြီး ကျောင်းသား/သူ များအားလုံး လူတော်လူကောင်းများ ဖြစ်ကြစေရန်နှင့် နိုင်ငံ့ကောင်းကျိုးများကို ကျရာ ကဏ္ဍတွင် အောင်မြင်စွာဖြင့် ထူးချွန်သူများဖြစ်စေရေး ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြောင်း သိရှိရ သည်။

သက်မောင်(ကျောက်ဆည်)