အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက ပဲခူး-ကဝလမ်းမကြီးနှင့် လူစည်ကားရာ လမ်းဆုံတို့တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ အသက် ၉ လမှ အသက် ၁၅ နှစ်အောက်ကလေးများအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသက် ၆ လမှ ၅နှစ်အထိ ကလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်း၊ အသက် ၂ နှစ်မှ ၅ နှစ်အထိ ကလေးများအား သံချဆေး တိုက်ကျွေးခြင်းကို ယမန့်နေ့က ရပ်ကွက်၊ ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာများတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Oct 05,2022
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးစပါးများဆစ်ပိုးကာကွယ်နှိမ်နင်းရေးအတွက် ဥကပ်ပါးနဂျီ (Trichogramma) လွှတ်ပေးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဝတ်တဲကွင်းရှိ တောင်သူ ဦးကျော်မြင့်မိုး၏ လယ်ဧကကွင်းအမှတ်- ၈၅၁(က)၌ ပြုလုပ်သည်။
Oct 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉  နာရီက အဆိုပါကျောင်း၏ မှော်ဝင်းရတနာခန်းမ၌ ကျင်းပခဲ့သည်။ 
Oct 05,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk  Show ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
Oct 05,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ ခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂) ပညာ့ဗိမာန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
Oct 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အလယ်တန်းအဆင့် စကားပုံဆက်ပြိုင်ပွဲကို  ယနေ့နံနက်(၁၀)နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။