မြေပုံ အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၂) လမှ (၂)နှစ်အောက်က လေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်ရာ၌ အသက်(၂) လမှ (၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးပါးရောင်၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို သတ်မှတ်အသက်၊ သတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင်လည်းကောင်း ကျေးရွာအုပ်စုရှိ ကျေးရွာများ၌ ဆေးထိုးစုရပ်သတ်မှတ်သည့်နေရာများသို့ ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်ဝင်း မြို့နယ်(ပြန်/ဆက်)