မင်းကင်းမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ကန်တော့ပွဲကျင်းပ

မင်းကင်း အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီးကလေခရိုင်၊ မင်းကင်းမြို့အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်းရှိ စကားဝါခန်းမ၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်အထက်တန်း ကျောင်းမှဆရာဆရာမများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းမှ အမှာစကားပြောကြားရာတွင် ၁၉၉၄ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့မှ စတင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးက ကမ္ဘာ့ဆရာများနေ့အဖြစ်ပုံစံအမျိုးမျိုးနဲ့ပြုလုပ်ခဲ့ပုံ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ၁၉၉၄ခုနှစ်မှ ၂၀၂၂ခုနှစ်ထိ ၂၈နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ၂၀၀၂ခုနှစ်မှ စတင်ကာ ရန်ကုန်မြို့စိန်ရတုခန်းမမှာ ပညာရေးဝန်ကြီးဌာနကကြီးမှူးပြီး အာစရိပူဇော်ကန်တော့ပွဲကို ကျင်းပခဲ့ရာ ယခုနှစ်နဲ့ဆို အကြိမ်(၂၀)ရှိပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားကာ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးမောင်လွင်မှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ကန်တော့ခံဆရာကြီး ဆရာမကြီးများအား ကန်တော့ပစ္စည်းများပေးအပ် ပူဇော်ကန်တော့ခဲ့ကြသည်။

ထို့နောက်ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ၏ ကိုယ်စားပညာရေးမှူး (ငြိမ်း) ဆရာကြီး ဦးသန်းဆွေမှ သြဝါဒစကားပြောကြားပြီး အခမ်းအနားသို့ ကန်တော့ခံဆရာကြီး ဆရာမကြီး (၁၁)ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာဆရာမများ ၆၀ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းကင်း(ပြန်/ဆက်)