ချီဖွေမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းမှု သင်တန်းပို့ချ

ချီဖွေ    အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များအား  စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ငွေစာရင်းထိန်းသိမ်းမှုသင်တန်းကို ယမန်နေ့  နံနက်(၁၀)နာရီခရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ ကြောင်းသိရသည်။အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးသိန်းနိုင်ဦးက နိုင်ငံတော်မှ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါကြောင့်ထိခိုက်ခဲ့သည့် လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချီဖွေမြို့နယ်အတွက် စိုက်ပျိုး ရလုပ်ငန်းဆောင်ရွက်မည့် တောင်သူများ အတွက်မတည်ထောက်ပံ့ငွေ သိန်းပေါင်း(၂)ထောင်အား အရင်းမပျောက် မတည်ငွေအဖြစ် ထုတ်ပေးမည်ဖြစ်ပါကြောင်း၊ မတည်ထောက်ပံ့ငွေမှ စိုက်ပျိုးရေး လုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီများအဆင့်ဆင့် ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းထားပြီးသည့် ကျေးရွာ ကော်မတီများမှ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေသုံးစွဲမှု စည်းမျဉ်း စည်းကမ်းများ နှင့်အညီ သုံးစွဲနိုင်စေရေးအတွက် သင်တန်းဖွင့်လှစ် ပို့ချရခြင်းဖြစ်ကြောင်းနှင့် ချေးငွေထုတ်ချေး ခွင့်ရရှိသူများအနေဖြင့် လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး စာချုပ်စာတမ်း အလိုက် သတ်မှတ်စည်း ကမ်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြီး သင်တန်း တက်ရောက်မည့်ကော်မတီများအနေဖြင့် မြေပြင်မှာလက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရ မည့်အဖွဲ့များဖြစ်သည့်အတွက် သင်တန်းပို့ချချက်များကို သေချာလိုက်နာမှတ်သားပြီး မြေပြင်မှာဖြစ်ပေါ် လာမည့်အခြေအနေများကို သက်ဆိုင်ရာကော်မတီ အဖွဲ့များထံအဆင့်ဆင့် အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်လိုအပ်ကြောင်းနှင့် သတ်မှတ်စည်း ကမ်းများနှင့်အညီ ချေးငွေများထုတ်ချေးပေးရေးနှင့် သတ်မှတ်ကာလအတိုင်း ချေးငွေများ ပြန်လည်ပေးဆပ်နိုင်စေရေး ကြီးကြပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများက ငွေစာရင်း ထိန်းသိမ်းမှုများကိုသက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး သင်ကြားပို့ချခဲ့သည်။

သင်တန်းတွင် ချီဖွေမြို့နယ်ရှိ ကန်ပိုင်ယံရပ်ကွက်၊ ရစ်လောခေါင်ရပ်ကွက်နှင့် ဘန်လီ၊ မဂေါင်၊ ဂျစ်လိုင်၊ မောင်ဂုန်နှင့် လိုင်မာယန်ကျေးရွာအုပ်စုများတို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ဘဏ္ဏာရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ စာရင်းကိုင်များ စုစုပေါင်း(၅၉)ဦး တက်ရောက်ခဲ့ဖြစ်ကြောင်း သိရသည်။

မေခမွန်(ပြန်/ဆက်)