အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာအစည်းအဝေးခန်းမ၌ ကျောက်ဖြူမြို့နယ် ပညာရေးမိသားစုမှ ကြီးမှူး၍  (၁၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်း အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်း အမှတ်အဖြစ် မြတ်ဆရာ ပူဇော်ပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း သဇင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့ပေါ်(၇)ရပ်ကွက်ရှိ လူစည်ကားရာနေရာများတွင် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊
Oct 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်နှင့် သက်ပြည့်အငြိမ်းစားယူခဲ့သော အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီးအား မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ဥသျှစ်ပင်ရွှေပင်ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
Oct 06,2022
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို စက်တင်ဘာ၂၄ ရက်နေ့မှ စတင်ယှဥ်ပြိုင်ကစားခဲ့ကြရာအောက်တိုဘာ ၅ ရက်မွန်းလွဲ ၃ နာရီကဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရသည်။
Oct 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် Online မှ တစ်ဆင့်စာအုပ်မိတ်ဆက်ခြင်းအစီစဉ်ကို ယနေ့(၁၀)ခွဲနာရီအချိန်က ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ အသက် ၁၈နှစ်နှင့်အထက်ပြည်သူများအား ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) ထိုးနှံပေးကြောင်း သိရသည်။
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဖွင့်လှစ်ထားရှိမည့်လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲရုံတည်နေရာကိစ္စညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။