အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများအများအတွက်  စီးပွားဖြစ်စိုက်ပျိုး နိုင်သည့် သီးနှံတစ်မျိုးဖြစ်သော နှမ်းနက် (ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးထားကြောင်း သိရသည်။
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ Franc hall ရှေ့၌ ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို  လက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
Oct 06,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် မဟာမုနိဘုရားကြီး၏ (၁၀၀) ဆွမ်းတော်ကြီးနှင့်မြသပိတ်လှည့်လှယ်ပူဇော်ပွဲကို ယနေ့နံနက်က မြို့နယ်အတွင်း လှည့်လှယ်ပူဇော်ကျင်းပသည်။
Oct 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံ တားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အမှတ်(၃)ရပ်ကွက်၊ စံပယ်လမ်း အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်းကို ဇူလိုင်လပထမပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Oct 06,2022
ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် ဝေဠုဝန်(တောင်) ရပ်ကွက်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက် ရှိကြောင်းသိရသည်။
Oct 06,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့နံနက် ၉:၀၀ နာရီက အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် အုပ်ချုပ်ရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းတို့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံသူကျန်ရှိမှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Oct 06,2022
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု မော်လမြိုင်တို့ပူးပေါင်းပြီး မြို့နယ်(ပြန်/ဆက်)ရုံး Community Centre ခန်းမတွင် ယမန်နေ့နံနက်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
Oct 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အ -ထ -က ရေဖြူကျောင်းတွင်  ကျောင်းသူကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားရေးအတွက် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှု နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အ-ထ-ကရေဖြူ ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။