အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူ ဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှုရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ငှားရမ်းပေးလျက်ရှိသည့်အပြင်
Oct 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက ဖွင့်လှစ်ကျင်းပသည်။
Oct 06,2022
မြန်မာဗုဒ္ဓဘာသာဝင်များ၏ ဝါလကင်းလွှတ်သီတင်းကျွတ်မီးထွန်းပွဲတော်သည် မကြာမီ ရောင်ရှိတော့မည်ဖြစ်ရာ မြို့နယ်/ကျေးရွာအသီးသီးတွင် ရိုးရာဓလေ့မီးထွန်းပွဲတော်ကို ဆင်နွဲကြတော့မည်ဖြစ်သည်။
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဂယက်ကြီးကျေးရွာအုပ်စု တောင်သူ ဦးလှိုင်ဝင်းရွှေ၏လယ်မြေကွင်းအမှတ် (၁၉-ခ)၊ ဦးပိုင်အမှတ် (၄၃/၂) မိုးစပါးသီးနှံ ဆင်းသုခ စပါးမျိုးကွဲ ကြဲခင်းတွင် ယမန်နေ့နံနက် ၈နာရီ ၄၅ မိနစ်၌ မိုးစပါးစံကွက် (၀.၁၀)ဧက ရိတ်သိမ်းရာ အစိုတင်း (၁၀၈.၆၀) တင်းထွက်ရှိကြောင်းသိရသည်။
Oct 06,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းကာ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။
Oct 06,2022
ပြင်ဦးလွင်မြို့ အထက (ခွဲ) အလက (၁) ကျောင်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများမှ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 06,2022
 (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား  ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ပြုလုပ်ကျင်းပခဲ့သည်။
Oct 06,2022
နေပြည်တော်ကောင်စီ၏ စီစဉ်လမ်းညွှန်မှုဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည် သူများမှလှူဒါန်းသည့် ဆန်၊ဆီများအား အခြေခံလူတန်းစားအိမ်ထောင်စုများထံ အခမဲ့ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ တပ်တွင်းဓမ္မာရုံ၌ ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။