ကျောက်ဆည် အောက်တိုဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူ ဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှုရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများတွင်လည်း စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက ခရိုင်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနနှင့်နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနသို့ သွားရောက်ပြီး စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာအုပ်ဖတ်ရှုလိုသော်လည်း မိမိတို့ဌာနလုပ်ငန်းတာဝန်များဖြင့် မအားလပ်သောကြောင့် ငှားရမ်းပေးရခြင်းဖြစ်ကြောင်း၊ ငှားရမ်းပေးသည့်အခါတွင်လည်း သုရစာပေ၊ ရသစာပေမျိုးစုံး၊ လူကြီး၊ လူငယ် အရွယ်စုံ ဖတ်လို့ရသောစာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်းနှင့် စာပေများဖတ်ရှုလေ့လာခြင်းဖြင့် စာအုပ် စာပေများနှင့်ရင်းနှီးစေပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင် ရှိစေရန်အတွက် မိုဘိုင်နယ်လှည့်စနစ်ဖြင့် အခမဲ့ငှားရမ်းပေးရခြင်းဖြစ်ကြောင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)