ပြင်ဦးလွင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပြင်ဦးလွင် အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့ အထက (ခွဲ) အလက (၁) ကျောင်းရှိ နဝဒေးခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်မှ ကျောင်းသား၊ကျောင်းသူများအား စာပေမှ ရရှိသည့်အကျိုးကျေးဇူးများနှင့် သိကောင်းစရာများ၊ ယနေ့ခေတ် Social Media သုံးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ အခြား ဗဟုသုတများစွာ   စသည့်တို့ကို ဟောပြောဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာမှတ်သားခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်ဇွန်၊ ဇူလိုင်၊ သြဂုတ်လ များတွင် ကျင်းပသော Online ပုံပြင်ပြောပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည့် ပြင်ဦးလွင်ခရိုင် ကိုယ်စားပြု အထက (ခွဲ) အလက (၁) စတုတ္ထတန်းမှ မမေသွယ်ရှင်းသန့်အား ဆုချီးမြှင့်ခဲ့ပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတများစွာရရှိရန် ရည်ရွယ်ပြီး နံရံကပ်စာစောင်ပြဘုတ်များနှင့် စာအုပ်၊ စာပေများကို ခင်းကျင်းပြသရာ စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)