Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျေးရွာအုပ်စုများ၌ စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးကိစ္စရပ်များအတွက် စစ်ကြောင်းကြီးငါးကြောင်းအသွင်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ကျန်တောစုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကေ့ာကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် maskနှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေး
Oct 06,2022
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်ပြင်ထွက်သွားလာကြသည့် ပြည်သူ့များအား mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးခြင်းဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲချိန်က မြို့မစျေးကြီး အတွင်းရှိစျေးရောင်းစျေးဝယ်သူများ အား mask နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ် ရွှေလင်းဝက်မွေးမြူရေး မြစိမ်းရောင်ကျေးရွာ၌ တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်
Oct 06,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကျေး ရွာအုပ်စုကျေးရွာများမှ မိသားစုတစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့် ဒေသခံ ကျေးလက်ပြည်သူများအား တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကြာအင်းရွှေဒိုးကျေးရွာအုပ်စုရှိ ရွှေလင်းကျေးရွာ၌ ကွင်းဆင်းသွားရောက်ပြီး ပေးအပ်ထောက်ပံ့ခဲ့ကြောင်းသိ ရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်
Oct 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းရှိ ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စု၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းရှင်များ စုပေါင်း၍ ရပ်ကွက်နေပြည်သူများထံသို့ စျေးနှုန်းသက်သာစွာဖြ…
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စုတွင် ရပ်ကွက်နေပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းရှင်များ စုပေါင်းကာ ရပ်ကွက်နေပြည်သူများထံသို့ စျေးနှုန်းသက်သာစွာဖြင့် ဆန်များ ရောင်းချခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန် က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဆန်၊ ဆီ၊ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများဈေးနှုန်းချိုသာစွာဖြင့် စားသုံးနိုင်စေရန်ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၊ သီရိရတနာဓမ္မာရုံ၌ ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေရေးရာလုပ်ငန်းများ ဆွေးနွေးညှိနှိုင်း
Oct 06,2022
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်း(Book Club)တို့တွေ့ဆုံ၍ လစဉ် ဆောင်ရွက်လျက်ရှိသော စာဖတ်ဝိုင်းများ၊ စာအုပ်မိတ်ဆက်ပွဲများ၊ စာပေရေးရာနှီးနှောဖလှယ်ပွဲများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက်တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကို မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား အခမဲ့မျက်စိစမ်းသပ်၍ မျက်မှန်များ ပြုလုပ်ပေး
Oct 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ ကနောင်စု ရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ဟင်္သာတ ဘိုးဘွားရိပ်သာ၌ရှိသော အဘိုးအဘွား များအား အခမဲ့မျက်စိစမ်းသပ်ပေးခြင်းနှင့် မျက်မှန်များပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14215
Page
14216
Page
14217
Page
14218
Current page
14219
Page
14220
Page
14221
Page
14222
Page
14223
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department