(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်စာစောင်ပြပွဲနှင့်စာဖတ်စွမ်းရည် ပြိုင်ပွဲပြုလုပ်

ကော့သောင်း အောက်တိုဘာ ၆

 (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား  ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ပြုလုပ်ကျင်းပခဲ့သည်။

ရှေ့ဦးစွာစာအုပ်ပြပွဲတွင် မြန်မာနိုင်ငံ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းဆိုင်ရာ စာပေများ၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြောင် းလဲမှုဆိုင်ရာစာအုပ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး ဆိုင်ရာစာအုပ်စာစောင်များ၊ လွတ်လပ်ရေးနှင့် နိုင်ငံ့အချုပ်အချာအာဏာထိန်းသိမ်း ကာကွယ်မှုဆိုင်ရာစာပေများနှင့် အခြားသုတ/ရသစာပေစာအုပ်များအား ခင်းကျင်းပြသထားပြီး စာအုပ်ပြပွဲသို့လာရောက်သည့် ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်များအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြပြီး ကျောင်း သားလူငယ်များစာဖတ်ခြင်း အလေ့ထရှင်သန်ထက်မြက်လာစေရန်၊ စာပေမှတဆင့် အသိပညာဗဟုသုတများရှာမှီးတတ် စေရန်နှင့်အမှားအမှန် ဝေဖန်ပိုင်းခြားတပ်သည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ စာဖတ်စွမ်းရည်ပြိုင်ပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး စာကြည့်တိုက်နှင့် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ကျင်းပပေးခဲ့ကြကြောင်းလည်း သိရသည်။

ကျော်စိုး(ကော့သောင်း)