သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် မီးပုံးပြုလုပ်ရောင်းချသူများ အပိုဝင်‌ငွေရရှိ

လွိုင်လင် အောက်တိုဘာ  ၆

မြန်မာဗုဒ္ဓဘာသာဝင်များ၏ ဝါလကင်းလွှတ်သီတင်းကျွတ်မီးထွန်းပွဲတော်သည် မကြာမီ ရောက်ရှိတော့မည်ဖြစ်ရာ မြို့နယ်/ကျေးရွာအသီးသီးတွင် ရိုးရာဓလေ့မီးထွန်းပွဲတော်ကို ဆင်နွဲကြတော့မည်ဖြစ်သည်။ မီးထွန်းပွဲတော်အတွက် လျှပ်စစ်ရောင်စုံမီးကုံးရောင်းချသူများ၊ မီးထင်းရှူးတိုင်ပြုလုပ်ရောင်းချသူများ၊ ဆီမီးခွက်ရောင်းချသူများ၊ ရိုးရာလက်လုပ်‌ ရောင်စုံမီးပုံးရောင်းချသူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆောင်ရွက်ကြရာ အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းက စက္ကူရောင်စုံမီးပုံးရောင်းချသူတစ်ဦးနှင့်တွေ့ဆုံကာ သိလိုသည်များ မေးမြန်းခဲ့ပါသည်။

ပင်လုံမြို့တွင် နေထိုင်သူ ကိုညို ဆိုသူက  ကျွန်တော်က ပင်လုံမှာနေပါတယ်၊ အလုပ်အကိုင်ကတော့ကျဘမ်းပါဘဲ၊ ပန်းရံလုပ်တယ်၊ လက်သမားလုပ်ပါတယ်၊ အခုအချိန်မှာအလုပ်ကပါးနေတော့ သီတင်းကျွတ်မီးထွန်းပွဲလည်းရောက်တော့မှာဖြစ်လို့ တတ်သည့်ပညာမနေသာဆိုပြီးတော့ ရောင်းစုံမီးပုံးလေးတွေလုပ်ပြီး လာရောင်းတာပါ၊ မီးပုံးတစ်လုံးကိုတော့ ငါးရာကျပ်နှုန်းနဲ့ ရောင်းပါတယ်၊ အတော်ကလေးတော့ရောင်းရပါတယ်၊ မိသားစုအပိုဝင်ငွေလေးရရှိအောင် လုပ်ရတာပါ၊ မိသားစုကတော့လေးယောက်ရှိပါတယ်….. ဟူ၍ပြောကြားသည်။

လွိုင်လင်မိုး