ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှ လှူဒါန်းသည့် ဆန်၊ဆီများအား အခြေခံလူတန်းစားအိမ်ထောင်စုများထံ အခမဲ့ပေးအပ်

ပျဉ်းမနား အောက်တိုဘာ

နေပြည်တော်ကောင်စီ၏ စီစဉ်လမ်းညွှန်မှုဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည် သူများမှလှူဒါန်းသည့် ဆန်၊ဆီများအား အခြေခံလူတန်းစားအိမ်ထောင်စုများထံ အခမဲ့ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ တပ်တွင်းဓမ္မာရုံ၌ ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှလှူဒါန်းသည့် ဆန်၊ဆီများအား အခြေခံ လူတန်းစားအိမ်ထောင်စုများထံ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ် ရေးမှူးများက မင်္ဂလာရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၁၀၀)အတွက်  ငွေကျပ်(၄)သိန်းတန်ဖိုးရှိ အခြေခံစားကုန်များဖြစ်သည့် ဆန်နှင့်ဆီများအား ပြည်သူများလက်ဝယ် အရောက် အခမဲ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)