အိမ်မဲမြို့နယ်တွင်မိုးစပါးစံကွက် (၀.၁၀)ဧက ရိတ်သိမ်းရာ အစိုတင်း(၁၀၈.၆၀)တင်းထွက်ရှိ

အိမ်မဲ အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဂယက်ကြီးကျေးရွာအုပ်စု တောင်သူ ဦးလှိုင်ဝင်းရွှေ၏လယ်မြေကွင်းအမှတ် (၁၉-) ဦးပိုင်အမှတ် (၄၃/) မိုးစပါးသီးနှံ ဆင်းသုခ စပါးမျိုးကွဲ ကြဲခင်းတွင် ယမန်နေ့နံနက် ၈နာရီ ၄၅ မိနစ်၌ မိုးစပါးစံကွက် (.၁၀)ဧက ရိတ်သိမ်းရာ အစိုတင်း (၁၀၈.၆၀) တင်းထွက်ရှိကြောင်းသိရသည်။

အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး၊ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ တက်ရောက်ပြီး ကြဲခင်းစိုက်ဧရိယာ (.၁၃)ဧက ထဲမှဧရိယာ (.၁၀)ဧက စံကွက် ရိတ်သိမ်းရာ အစိုထွက်တင်း (၁၀၈.၆၀)တင်းထွက်ရှိပြီး ကောင်းကိုယ်စားပြုဧက (၂၈၅)ဧကကိုကိုယ်စား ပြုကြောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးသန်းဆွေ ပြောကြား ချက်အရသိရသည်။

ချစ်သက်လယ်(အိမ်မဲ)