အမြို့မြို့အနယ်နယ်သတင်းများ

Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်လာသည်နှင့်အမျှ မီးလောင်မှုများနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရွက်ပေးနေကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးစွမ်းရည်ရှိစေရေးအတွက် ရည်ရွယ်ကာ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ(၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 01,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မဈေးအနီး ပုညပါရမီဆွမ်းလောင်းအသင်းရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှု၊ အလှူရှင်များ ပူးပေါင်းကူညီမှုဖြင့် ယနေ့နံနက် ၈ နာရီအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်များမှ မိဘပြည်သူတို့အား သက်သာသောနှုန်းထားဖြင့် တစ်ဦးလျှင် ဆန်(၁)ပြည်နှုန်းရောင်းချပေးခဲ့ကြောင်း သိရသည်။
Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော ပြည်သူများသို့အသိပေးချက် ရက်တိုးမြှင့်ခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို  ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Nov 01,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမတွင် ယနေ့နံနက် ၈ နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ (၃၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကျင်းပနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် မီးသတ်စခန်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 01,2022
တံတားဦးခရိုင် တံတားဦးမြို့ “ဒို့လက်များ” ကုဋီသန့်ရှင်းရေးအဖွဲ့သို့ စေတနာရှင်၊ အလှူရှင်များမှ အလှူငွေများကို ကုဋီသန့်ရှင်းရေးအဖွဲ့ဝင်များထံသို့ အသီးသီးလာရောက်လှူဒါန်းကြကြောင်း သိရသည်။
Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက်(၉:၃၀)အချိန်က အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။