အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးကွပ်ကဲမှုအောက်ရှိ အမ်းမြို့နယ်မှ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄)သင် တန်းဆင်းပွဲကို ​ယနေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပျဉ်းပင်ကန်-မဲခေါင်း-ခြောက်လုံးပြူးကျေးရွာများသို့ ရွာစဉ်ရွာဆက် ကျပ်သန်း ၃၇၄.၃၃၀ တန် ကွန်ကရစ်လမ်းခင်းခြင်းကို Asia Boom Co.Ltd ဖြင့် ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
Oct 07,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်ပသော ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့်မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ အပူဇော်ခံ ဆရာကြီး ဆရာမကြီးနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်း ဆရာ ဆရာမများတက်ရောက်ကြကြောင်း သိရသည်။
Oct 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင် သင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်တွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများနှင့်ကျောင်းပြင်ပ ကုန်စုံဆိုင်များတွင် အိမ်နီးချင်းထိုင်းနိုင်ငံမှတင်သွင်းလာသည့် ဆေးခြောက်ပါဝင်သော အစားအသောက်နှင့်မုန့်မျိုးစုံများရောင်းချမှုရှိ/ မရှိရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းကပြုလုပ်ဆောင်ရွက်ခဲ့သည်။
Oct 07,2022
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် ဒုတိယအကြိမ် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ခဲ့သည်။
Oct 07,2022
၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ရှမ်းပြည်နယ်ဇုန်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစား ကွင်း၌ ကျင်းပသည်။
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက ပဲခူး-ကဝလမ်းမကြီးနှင့် လူစည်ကားရာ လမ်းဆုံတို့တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။